Tuesday, December 31, 2013

မိမိတို့ရဲ့ ဘလော့(ဂ်) မှာ Streaming Music သီချင်းလေးတွေ ထည့်မယ်

မိမိတို့ရဲ့ ဘလော့(ဂ်)မှာ သီချင်းလေးတွေ ထည့်ဖို့အတွက် ရေဒီယိုလေးတွေကို အသုံးပြုနိုင်သလို၊ Streaming Music နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။ အဲဒီနည်းရဲ့ အခြေခံသဘောတရားကတော့ အင်တာနက်ပေါ်မှာ တင်ထားတဲ့ သီချင်းတွေရဲ့ လိပ်စာတွေကို စုစည်းရေးသားထားတဲ့ Playlist ဖိုင်လေးကို မိမိရဲ့ ဘလော့ကနေ HTML ကုဒ်နဲ့ လှမ်းခေါ်သုံးတာ ဖြစ်ပါတယ်။ ဒီနည်းကိုသုံးရင် သီချင်းတွေကို တောက်လျှောက် Play နေမှာဖြစ်ပါတယ်။ သီးခြား Player မလိုပါဘူး။

ကျွန်တော့်ဆီမှာ Playlist လေးဖန်တီးထားတာ ရှိပါတယ်။ လိပ်စာက (http://www.purplesnake.limewebs.com/for_blogger/m3uplaylist/playlist2.m3u) ဖြစ်ပါတယ်။ အဲဒီဖိုင်လေးကို အောက်ပါအတိုင်း မိမိတို့ရဲ့ ဘလော့(ဂ်) ကနေ လှမ်းခေါ်သုံးရမှာပါ။



Player ကိုကြည့်မယ်


မိမိတို့ စိတ်ကြိုက် သီချင်းလေးတွေ ထပ်ထည့်ပြီး သုံးလိုသူများ အနေနဲ့ ကွန်မန့်ဘောက်(စ) Comments မှာ သီချင်းအမည်၊ သီဆိုသူ နဲ့ အင်တာနက်မှာ တင်ထားတဲ့ လိပ်စာတို့ကို ရေးပေးပြီး တောင်းဆိုနိုင်ပါတယ်။ ကျွန်တော် ထပ်ထည့်ပေးပါမယ်။

ပျော်ရွှင်ပါစေ။ :)

0 comments:

Post a Comment

about us

About Us