Timberland အမျိုးသားစီး West Haven ရှုးဖိနပ် - အမည်းရောင်

ဆိုဒ်/အရောင်
7.5 8.5 9 9.5 10Timberland အမှတ်တံဆိပ်သည် အမျိုးသားဝတ်ဖိနပ်များကို အဓိကထားထုတ်လုပ်ပြီး ကမ္ဘာတဝှမ်းသို့ ဖြန့်ဖြူးရောင်းချနေသော အမေရိကန်နိုင်ငံ၏ နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်ဖြစ်ပါသည်။ Timberland ဖိနပ်များတွင် ထသွားထလာ လွတ်လပ်ပေါ့ပါးစွာ ဝတ်ဆင်နိုင်မည့် ဒီဇိုင်းများရှိသည့်အပြင် တောင်တက်ခြင်းကဲ့သို့သော ပြင်ပအားကစားများကို ပြုလုပ်လေ့ရှိသူများ ဝတ်ဆင်နိုင်မည့် အကြမ်းခံသော ဒီဇိုင်းများလည်း ရှိပါသည်။

၁၉၇၃ ခုနှစ်တွင် Timberland အမှတ်တံဆိပ်မှ ကာကွယ်မှုပေးနိုင်ပြီး ကြာရှည်ခံနိုင်မည့် ပထမဆုံး ရေစိုခံ သားရေဘွတ်ဖိနပ်ကို စတင်မိတ်ဆက်ခဲ့ပါသည်။ Timberland သည် အမျိုးသားများအတွက် ချုပ်ရိုးချုပ်သား ကောင်းမွန်သေသပ်ပြီး အရည်အသွေးစစ်မှန်သော ဖိနပ်များကိုထုတ်လုပ်ပေးနေသည့် အမှတ်တံဆိပ်တစ်ခုအဖြစ်ရပ်တည်နေပါသည်။ Timberland ဒီဇိုင်းများသည် သင့်အား ပြင်ပလောကတွင် သက်တောင့်သက်သာရှိစွာနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိစေခြင်းအား ရောင်ပြန်ထင်ဟပ်နေစေမည်ဖြစ်ပါသည်။

Timberland မှထုတ်လုပ်ထားသော ဘွတ်ဖိနပ်နှင့် ရှူးဖိနပ်များသည် တစ်နေကုန် သက်တောင့်သက်သာရှိစွာဖြင့် ဝတ်ဆင်ထားနိုင်မှာဖြစ်သည့်အပြင် တောင့်တင်းပြီး အကြမ်းခံနိုင်သောကြောင့် ဟောင်းနွမ်းပျက်စီးမှုမရှိဘဲ အချိန်ကြာရှည်စွာ အစီးခံမှာဖြစ်ပါသည်။ ယနေ့အချိန်တွင် Timberland နာမည်ဖြင့် ဖွင့်လှစ်ထားသော ကမ္ဘာ့ဆိုင်ခွဲပေါင်း ၂၃၀ ကျော်ရှိနေပြီ ဖြစ်ပါသည်။ ထို့ပြင် အမေရိကတိုက်၊ ဥရောပတိုက် နှင့် အာရှတိုက်ရှိ နိုင်ငံပေါင်းများစွာ၏ ကုန်တိုက်များနှင့် အားကစားပစ္စည်းအရောင်းဆိုင်များတွင်လည်း Timberland ဖိနပ်များကို ရောင်းချလျက်ရှိပါသည်။


0 comments:
Post a Comment